ကျောက်ခဲတစ်လုံးရဲ့တန်ဖိုး
( သူ့ဘဝရဲ့တန်ဖိုးကဘာလဲ၊ဘယ်လောက်ရှိသလဲ)
ကလေးရဲ့ဖခင်က ကျောက်ခဲလေးတစ်လုံးကိုပေးပြီး ရော့သား ဒီကျောက်ခဲလေးကိုဈေးထဲမှာချရောင်းကြည့်နော်
တကယ်လို့တစ်ယောက်ယောက်ကဈေးနူန်းဘယ်လောက်လဲလို့မေးလာတဲ့အခါ လက်နှစ်ချောင်းထောင်ပြလိုက်ပါ။
အဲ့ဒါနဲ့ကလေးက ဈေးကိုအပြေးအလွှားသွားပြီး ကျောက်ခဲလေးကိုချရောင်းနေရင်း သိပ်မကြာဘူး မိန်းကလေးတစ်ယောက်လာမေးတယ်
( ဒါဘယ်လောက်ရောင်းလဲ) ဆိုတော့ ကလေးက လက်နှစ်ချောင်းထောင်ပြလိုက်တယ်
အဲ့ဒါနဲ့ မိန်းကလေးက အော်.. ၂၀ကျပ် ပေါ့
ကလေးကလဲဝမ်းသာပြီး ဖခင်ကိုပြန်ပြောဖို့အိမ်ကိုအပြေးပြန်ခဲ့ပြီး ဖခင်အားတွေ့သောအခါ
(အဖေ မိန်းကလေးတစ်ယောက်က ၂၀ ကျပ်နဲ့ဝယ်ချင်တယ်ပြောတယ်)
ဖခင်မှသူရဲ့သားအား (ဟုတ်ပြီသား ဒါဆိုဒီကျောက်ခဲကို ပြတိုက်အခန်းအနားပွဲမှာသွားပြီရောင်းကြည့်နော် ဈေးမေးရင်တော့လက်နှစ်ချောင်းပဲထောင်နောင်)
ဒါနဲ့ကလေးကသွားပြီးရောင်းကြည့်တော့ လူတစ်ရောက်ဘယ်လောက်လဲမေးတော့ ကလေးကလဲလက်နှစ်ချောင်းထောင်ပြလိုက်တယ်။ ဒါဆို နှစ်သောင်းကျပ်လား အခုချက်ချင်းဝယ်မယ်လို့ပြောတယ်။ ဒါနဲ့ကလေးက ခုနားကလိုပဲသူ့ဖခင်စီပြန်ပြောတယ် (အဖေလူတစ်ယောက် နှစ်သောင်းနဲ့ဝယ်ချင်လို့တဲ့).
အိုခေသား ဒီတစ်ခေါက် ရှေးဟောင်းပစ္စည်းဆိုင်ကိုသွားရောင်း ဆိုင်ရှင်မေးရင် လက်နှစ်ခေါင်းထောင်ပြလိုက်ဆိုတဲ့ ကလေးကလဲ သူ့အဖေပြောတဲ့အတိုင်းပဲ သွားရောင်းတယ်။ ဈေးဆိုင်ရှင်ကဘယ်လောက်ရောင်းမလဲမေးတော့ ကလေးက လက်နှစ်ချောင်းထောင်ပြလိုက်တော့ ဆိုင်ရှင်က ဒီလိုကျောက်ခဲမျိုးကရှာရအရမ်းခက်ခဲတယ် ( ၂ သိန်း )ပေးမယ်ရောင်းမလားဆိုတော့ ကလေးလဲအိမ်ကိုအပြေးအလွှားပြန်ပြီးသူ့ဖခင်ကိုပြန်ပြောပြလေတယ်။ အဲ့အချိန်မှာ ကလေးအဖေက သားအခုသားဘဝရဲ့တန်ဖိုးကိုနားလည်ပြီလား၊
ဘဝရဲ့တန်ဖိုးဆိုတာ မွေးလာကတည်းက ချမ်းသာတဲ့အသိုင်းအဝိုင်းနဲ့ကြီးပြင်းလာတာ ရုပ်ရည်သန့်တာ အသားဖြူတာမဲတာ၊ဘာလူမျိုးဆိုတာနဲ့မဆိုင်ဘူး အဓိကတန်ဖိုးဆိုတာက ကိုယ်နေတဲ့အရပ်ကဘယ်မှာ၊ကိုယ့်ကိုကိုယ်ဘယ်လိုရပ်တည်တာ ပြီးတော့ဘယ်သူက ကိုယ့်ရဲ့တန်ဖိုးကိုမြင်တက်တာနဲ့ပဲဆိုင်တယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက အတွေးအခေါ်တွေရှိနေပေမယ့် အမြဲပိတ်ပင်တက်တဲ့မိသားစုအသိုင်းအဝိုင်းမှာကြီးပြင်းလာတော့ ကိုယ့်ကိုကိုယ် ၂၀ ကျပ်လောက်ပဲတန်တဲ့ကျောက်ခဲတစ်လုံးလို့ပဲထင်မိတယ်။ တကယ့်လက်တွေသူများနိုင်ငံမှာအလုပ်လာလုပ်အတွေ့အကြုံတွေရ၊သူငယ်ချင်းအသစ်၊အလုပ်အသစ်၊အသိုင်းအဝိုင်းအသစ်တွေနဲ့နေရတော့ ကိုယ့်ရဲ့တန်ဖိုးကိုအရင်ထက်မက ပိုရှိတယ်ပိုမြင့်တယ်ဆိုတာကိုသိလာတယ်။ တစ်ခါတစ်လေ ကိုယ်နေတဲ့တစ်နေရာရာမှာ လူတွေက ကိုယ့်ကို ၂၀ လောက်ပဲတန်တယ်လို့ထင်နေတာ တကယ်တမ်းဟုတ်ချင်မှဟုတ်မယ် လူတွေ ကိုယ့်ဘဝတန်ဖိုး ၂ သိန်းလောက်ရှိတာကိုမမြင်တာလဲဖြစ်ချင်ဖြစ်မယ်။
အဲ့ဒါကြောင့်မို့ တကယ်လို့သင်နေတဲ့နေရာက သင့်ရဲ့တန်ဖိုးကိုမမြင်ဘူးဆိုရင် ကျွန်တော်ပြောချင်တာကတော့...ထွက်သွားလိုက် ကိုယ့်တန်ဖိုးကိုမြင်နိုင်တဲ့သူသွားရှာ။ ဒါက ချစ်သူရည်းစား၊သူငယ်ချင်းတွေနဲ့လဲ သက်ဆိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ရဲ့တန်ဖိုးကိုမြင်တက်တဲ့လူတွေရှာရတဲ့အကြောင်းအရင်းက တစ်ချို့လူတွေက တန်ဖိုးရှိတဲ့အကြောင်းအရာတွေဖန်တီးပေမယ့် လူတွေအကောင်းမမြင်တက်တာတွေလဲရှိတယ်။ ဒါကြောင့်မို့ဒီနေ့ကစပြီး ကိုယ့်ဘဝရဲ့တန်ဖိုးကိုမြင်တက်တဲ့သူတွေကိုရှာ ကိုယ့်ရည်ရွယ်ချက်ရဲ့အနာဂတ်ကိုဖြည့်ဆည်းပေးနိုင်မယ့်သူတွေကိုရှာ ဒါမှကျန်ရှိနေမယ့်ဘဝရဲ့အချိန်တွေကိုအကျိုးရှိစွာအသုံးပြုနိုင်မှာပါ။
Comments
Post a Comment